ရိုးသားခြင်းဆိုသည်မှာ ယေဘုယျအားဖြင့်
ရိုးရှင်းစွာနေထိုင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် သဘာဝအားဖြင့် မွေးသန္ဓေတစ်မျိုးဖြစ်သည်။
ကျွ်နုပ်တို့ငယ်ရွယ်စဉ်အချိန်၌ ကျွ်နုပ်တို့၏လိုအပ်ချက်အား ငိုခြင်းအားဖြင့် ပြသခဲ့ကြသည်။
မည်သည့်ဘာသာဗေဒမျှမပါဘဲ လွတ်လပ်စွာ ရိုးရှင်းပွင့်လင်းစွာတောင်းခံခဲ့ ကြသည်။ ဤသို့အားဖြင့်
အရွယ်တဖြည်းဖြည်းရောက်လာသည်နှင့်အမျှ ရိုးရှင်းစွာတောင်းခံခြင်းမှ ဘာသာဗေဒ တို့နှင့်
တောင်းခံလာကြသည်။ ထိုမှတဆင့်စိတ်ကောက်ခြင်းကဲ့သို့မာယာသုံး၍တောင်းခံလာ တတ်ခဲ့ကြသည်။
အရွယ်ရောက်၍ အသိဥာဏ်အားကောင်းလာသည်နှင့်အမျှ
စိတ်ကောက်ခြင်းအဖြစ်နှင့် မလုံလောက်တော့ဘဲ ၀မ်းထဲသိုမှိတ် ကြိတ်ကာကြံစည်ခြင်းဖြင့်
လိုချင်သည်ကိုရအောင်ကြံဆောင်လာခဲ့ကြ သည်။ ထိုထက်ပို၍လိုအပ်သောကိစ္စများတွင် လှည့်ဖျားခြင်းအတတ်(သာဌေယျ)တို့ဖြင့်လိုအပ်သည်ကို ရအောင်အားထုတ်လာကြအေသည်။ ထိုထက်လိုအပ်ခဲ့သော်အနိုင်ထက်ပြုခြင်းများပြုလုပ်လာခဲ့ ကြပေသည်။
ဤဖြစ်စဉ်အရကြည့်သော် အရွယ်ရောက်လာလေလေရိုးဂုဏ်နှင့်ကင်းဝေးသွားလေလေဖြစ် သွားသကဲ့သို့ရှိလေသည်။ မိမိကိုယ်မိမိထိန်းကျောင်းနိုင်သော ပညာနှင့်ပြည့်စုံလေလေ
ပို၍ကြောက်စရာကောင်းမည်ကဲ့သို့ ယူဆစရာအကြောင်းရှိလေသည်။ထိုအခါ တွေးခေါ်မြော်မြင်မှုဆိုင်ရာ အတတ်ဖြစ်သောပညာသင်ကြားခြင်း သည် ကြောက်စရာကောင်းသောအမှုကိစ္စဟုယူဆနိုင်စရာဖြစ် လာပေသည်။ ထို့ကြောင့်ရှေးကျသော
အချို့ခေတ် အဆက်ဆက်၌ပညာသင်ကြား/သင်ယူခြင်း အားပြင်းထန်ကျပ်တည်းစွာ တားမြစ်ခဲ့ကြလေသည်။
အချို့သောနိုင်ငံများတွင် တွေးခေါ်ချိန်ဆ
ကြောင်းကျိုးရှုမြင်ခြင်းအတတ်သင်ဆရာ (ဆိုကရေတီး စသည်)တို့အား သတ်ဖြတ်ခဲ့ခြင်းများရှိခဲ့ဖူးလေသည်။
သို့သော် ရိုးသားခြင်းမူလသဘာဝဖြစ်သော အလွန်ရိုးရှင်း သည့် ငိုခြင်းအတတ်သည် နေရာတိုင်းတွင်
သုံး၍မရစကောင်းပေ။ ထိုလိုအပ်ချက်အား မည်သို့ဖြေရှင်းမည် နည်း။ ထိုအခါရိုးသားခြင်း၏
သဘာဝသဘောတရားတစ်ခုအားထပ်မံဆွဲကိုင်ကြရတော့ သည်။ ရိုးသားခြင်းဟူသည် ရင်ရှင်းရှင်းနှင့်လုပ်ခြင်းဟူသောသဘောတရားတစ်ခု ပေါ်ထွက်လာသည်။ (ဗိုလ်ချုပ် အဖ အောင်ဆန်း ပြောဖူးသည်ဟု မှတ်သားဖူး)။
ရင်ရှင်းရှင်းနှင့်လုပ်ခြင်းဆိုသည်မှာ
မိမိအလုပ်မတွက်ရင်လေးစရာမလိုသော၊တနည်းအားဖြင့်ေ နာက်ပြန်လှည့်စရာမလိုသော၊ တနည်းအားဖြင့်
နောင်တတဖန်ပူပန်စရာမလိုသော ပြုမူဆောင်ရွက်ခြင်းဟု ယူဆရပေမည်။ထိုနေရာ၌ နောက်ပြန်လှည့်စရာမလိုအောင်၊
နောင်တရစရာမရှိအောင်လုပ်ရန်မှာ ဖြောင့်မတ် မှန်ကန်ရန် အရေးကြီးပေသည်။ အမှားအမှန်ကို
လုပ်စရာအလုပ်အားမဆောင်ရွက်မီတင်ကြိုဝေဖန်ပိုင်းခြား ရန်လိုအပ်ပေသည်။
ထိုအခါ အမှားအမှန်ခွဲခြားသိသော ကြောင်းကျိုးဆင်ခြင်တတ်သော
သဘောရှိသောဝဖန်ပိုင်းခြား တတ်သောပညာကိုသင်ကြားရန် အထူးလိုအပ်လာလေသည်။ ထို့အပြင် လူ့လောက၏
ပြဿနာ ဇစ်မြစ်ကြီးကြီး များဖောက်ဖွားရာသည် လိုဝှက်ထားသောအရာများ ပေါက်ကွဲပွင့်အံထွက်လာသော
အချိန်ပင်ဖြစ်လေသည်။ ထိုအခါတွင် တောက်လျှောက်ရိုးသားစွာဆောင်ရွက်ခဲ့သောအရာများသည် လျှို့ဝှက်အမည်းများထွက်လာ
ချိန်တွင် အလဟဿ အဖြစ်ဖြင့်နိဂုံးချုပ်ရပေတော့သည်။ဆောင်ရွက်ခဲ့သော အလုပ်မှ ထွက်ပေါ်လာသော
အကျိုးရလဒ်သည် မိမိနှင့်တကွ မိမိခေါင်းဆောင်မှုနောက်လိုက်ကြသော အသိုင်းအ၀ိုင်းအတွက်
ကောင်းကျိုး ထက်ဆိုးကျိုးသာပေးသော မကောင်းမှုတစ်ခုအဖြစ်ရှင်သန်ကျန် ရစ်လေတော့၏။
ထို့ကြောင့်ရိုးသားခြင်းသဘောဟူသည် သေးငယ်အစိတ်အပိုင်းမှစ၍ ဝေဖန်ပိုင်းခြားပြီးလျှင် နောင်တချိန်
နောင်တကင်းကင်းနှင့် ရင်ဆိုင်နိုင်အောင်လျှို့ဝှက်ချက်ကင်းကင်းနှင့်ပြတ်သားစွာဆောင်ရွက်၊
ပြုမူ၊ နေထိုင်၊ ပြောဆိုခြင်းဟု ယူဆမိလေသည်။