Sunday, April 20, 2014

စည်းမျဉ်းစည်းကမ်း

‌စည်းကမ်းဟုဆိုရာတွင်‌ စည်းဟူသည်‌မှာ တာထား‌သော‌ဘောင်‌ကို ဆိုလို‌လေသည်‌။ ထို‌ဘောင်‌အားမ‌ကျော်‌‌သေးသ၍ စည်း‌ဖောက်‌သည်‌ဟုမယိုးစွပ်‌နိုင်‌‌ပေ။ ကမ်းဟူသည်‌မှာ မြစ်‌ရိုး‌ချောင်းရိုးများ၏ အနားသတ်‌အကွပ်‌ဖြစ်‌‌လေသည်‌။ ထို့‌ကြောင့်‌စည်းကမ်းဟူသည်‌ အနားသတ်‌ရှိ‌သော‌ဘောင်‌ဟု ဆိုနိုင်‌မည်‌ဟုထင်‌မိ‌လေသည်‌။
        ထို့အတူ စည်းမျဉ်းဟုဆိုရာတွင်‌လည်း မျဉ်းဟူသည်‌တိကျ‌သေချာ‌သော လိုင်းဖြစ်‌‌လေသည်‌။ ထို့‌ကြောင့်‌ စည်းမျဉ်းသည်‌ တိကျ‌သေချာ‌ဘောင်‌ဖြစ်‌‌လေသည်‌။
        စည်းမျဉ်းစည်းကမ်းဟူသည်‌ တိကျ‌သေချာ‌သော အနားသတ်‌‌ဘောင်‌တစ်‌ခုကို ဆိုလိုသည်ဟုယူဆနိုင်‌‌ပေသည်‌။
        ထို‌နေရာတွင်‌ လူတစ်‌ဦးချင်းစီ၌‌သော်‌ ‌လည်း‌ကောင်း မိသားစုတစ်‌စုစီ၌‌သော်‌လည်း‌ကောင်း အဖွဲ့အစည်းတစ်‌ခု၌‌သော်‌လည်း‌ကောင်း နိုင်‌ငံတစ်‌ခုစီ၌သော်‌လည်း‌ကောင်း စည်းမျဉ်းစည်းကမ်းများ သတ်‌မှတ်‌ထား‌လေသည်‌။
ထိုစည်းမျဉ်းစည်းကမ်းများသည်‌ မိမိကိုယ်‌ပိုင်‌‌နေ ထိုင်‌‌ရေး အဆင်‌‌ပြေ‌စေရန်‌‌သော်‌လည်း‌ကောင်း၊ မိမိ ပါဝင်‌ပတ်‌သတ်‌ရာ အဖွဲ့အစည်းအတွင်း ‌နေထိုင်‌‌ရေး အဆင်‌‌ပြေ‌စေ‌ရေးအတွက်‌‌သော်‌လည်း‌ကောင်း၊ မိမိနိုင်‌ငံ မိမိလူမ်ျိုးအတွင်း အသက်‌ရှင်‌‌နေထိုင်‌‌ရေး အဆင်‌‌ပြေ‌စေရန်‌အတွက်‌လည်း‌ကောင်း သတ်‌မှတ်‌ ကြရ‌လေသည်‌။
         စည်းမျဉ်းသတ်‌မှတ်‌ရာတွင်‌ ဖြတ်‌သန်းခဲ့ရ‌သော အ‌တွေ့အကြုံ‌ပေါ်တွင်‌လည်း‌ကောင်း၊ ‌ရှေ့ဆက်‌ အဆင်‌‌ပြေပြဿနာကင်းစွာ ရပ်‌တည်‌နိုင်‌‌စေရန်‌ လည်းကောင်း ရည်‌ရွယ်‌၍ ‌ဆောင်‌ရွက်‌ကြ‌ပေသည်‌။
ထို‌နေရာတွင်‌ လူတို့သည်‌ ဆိုင်‌ရာဆိုင်‌ရာ ဦး‌ဏှောက်‌ ၌ဖြစ်‌တည်‌လာ‌သော အ‌ကြောင်းအရာတို့‌ပေါ်တွင်‌ မူတည်‌တွက်‌ချက်‌၍ စည်းသတ်‌မှတ်‌ကြ‌ပေသည်‌။
         သို့‌သော်‌ယ‌နေ့ ကမ္ဘာ‌ပေါ်တွင်‌ လူ့အဖွဲ့အစည်း အားလုံးသည်‌ စည်းမျဉ်းများချမှတ်‌ရာ လုံးဝပြည့်‌စုံ ‌သောစည်းမျဉ်းတို့အားချမှတ်‌နိုင်‌ခြင်း မရှိ‌သေး‌ပေ။ အဘယ်‌‌ကြောင့်‌ဆို‌သော်‌ ချမှတ်‌‌သောစည်းမျဉ်းများ သည်‌ ဦး‌ဏှောက်‌မှထွက်‌‌သော အ‌ကြောင်းအရာများ များ‌နေခြင်း‌ကြောင့်‌ဟု ယူဆမိ‌လေသည်‌။
          ဤ‌နေရာ၌ အလွန်‌‌လေးစားဖွယ်‌‌ကောင်း‌သော စည်းမျဉ်းများ ပြည့်‌စုံ‌သောစည်းမျဉ်းများ မရှိဘူးလား ဟု‌မေးစရာရှိ‌လေသည်‌။ ရှိခဲ့သည်‌ဟု ‌ဖြေနိုင်‌စရာရှိ ‌လေသည်‌။ ချမှတ်‌ခဲ့‌သောပုဂ္ဂိုလ်‌မ္ဓှာ ဗုဒ္ဓဖြစ်‌၍ စည်းမျဉ်းမှာ ၀ိနယ ဖြစ်‌‌လေသည်‌။ ထိုစည်းမျဉ်းများ မှာ ဗုဒ္ဓမြတ်‌စွာ၏ ဥာဏ်‌‌တော်မှ‌ထွက်‌‌သော အ‌ကြောင်း အရာသက်‌သက်‌မဟုတ်‌ဘဲ သံဃာ့အဖွဲ့အစည်းမှ ‌ပါဝင်‌သူတို့၏ ပြုမူ‌ဆောင်‌ရွက်‌မှုအ‌ကြောင်းများ‌ကြောင့်‌ အကျိုးတရားအဖြစ်‌ စည်းကမ်းများဖြစ်‌လာရ‌လေ သည်‌။ စည်းမျဉ်းချမှတ်‌ရာတွင်‌လည်း ချုပ်‌ချယ်‌ကန့်‌ သတ်‌ခြင်းဦးစား‌ပေး‌သော သ‌ဘောဖြင့်‌ချမှတ်‌ခဲ့ခြင်း မဟုတ်‌ဘဲ သံဃာထု‌‌ရေရှည်‌ အကျိုးဖြစ်‌ထွန်း‌စေရန်‌ ရည်‌ရွယ်‌၍ချမှတ်‌ခဲ့‌ပေသည်‌။
            ထိုစည်းမျဉ်းတို့သည်‌ ပြုလုပ်‌သည့်‌အပစ်‌‌ ‌ကြောင့်‌ဖြစ်‌‌ပေါ်လာ‌သောအကျိုးတရားအား ပယ်‌သတ်‌ခြင်းမဟုတ်‌ဘဲ အပစ်‌အကျိုးများမ‌ပေါ်‌စေ ရန်‌ပြုလုပ်‌ခြင်းအ‌ကြောင်းတရားအား ပယ်‌သတ်‌ခြင်း ဖြစ်‌‌လေသည်‌။ ဗုဒ္ဓမြတ်‌စွာ ချမှတ်‌ခဲ့‌သောစည်းမျဉ်း များအားလိုက်‌နာပါက ရဟန်းသံဃာ့‌ဘောင်‌၌‌နေ ထိုင်‌‌ချင်‌သောပုဂ္ဂိုလ်‌အဖို့ ‌ရေရှည်‌အကျိုးဖြစ်‌ထွန်းဖို့ သာရှိ‌လေသည်‌။
            ထို့‌ကြောင့်‌ကျွန်‌‌တော်‌တို့ လူပုဂ္ဂိုလ်‌များချမှတ်‌ ‌သောစည်းမျဉ်းများသည်‌ ကျွနု‌ပ်‌တို့လူပုဂ္ဂိုလ်‌များအ တွက်‌‌ရေရှည်‌အကျိုးဖြစ်‌ထွန်းမှုကို ဦးစား‌ပေးနိုင်‌ရန်‌ လိုအပ်‌‌ပေသည်‌။ ထို့အပြင်‌ ကျူးလွန်‌မှုမရှိ‌သော ကိစ္စများအတွက်‌ စည်းမျဉ်းများကြိုတင်‌ချမှတ်‌ထား ခြင်းသည်‌ တကယ်‌ကျူးလွန်‌‌သောအခါ အကျိုး‌အ‌ကြောင်း ဆီ‌လျော်‌‌အောင်‌ တားမြစ်‌နိုင်‌စွမ်း အားနည်းတတ်‌‌လေသည်‌။
           အချုပ်‌အားဖြင့်‌ဆို‌သော်‌ စည်းမျဉ်းများသည်‌ ကျူးလွန်‌မှုမရှိခင်‌ချမှတ်‌ပါက ထိုစည်းမျဉ်း၏အားနည်း ချက်‌ကို‌လေ့လာခိုင်းသကဲ့သို့ရှိ‌လေသည်‌။ ထိုအခါ စည်းမျဉ်းများသည်‌ ပြစ်‌မှုနှင့်‌ပြစ်‌ဒဏ်‌အံ‌ချော်‌နိုင်‌‌လေ သည်‌။ ထို့‌အပြင်‌စည်းမျဉ်းသည်‌ တကယ်‌လက်‌‌ ‌တွေ့ကျင့်‌‌ဆောင်‌‌သောအချက်‌ဖြစ်‌ရန်‌လိုအပ်‌‌ပေသည်‌။