ဤနေရာ၌ အချက်တစ်ခုအား ကျွန်ုပ်သတိပြုမိလေသည်။ ထိုအရာကား ကျွန်ုပ်တို့သည် အလုပ်လုပ်၍ လုပ်ခလစာရယူလိုသော အလုပ်သမားဘဝဖြင့် ချမ်းသာပြည့်စုံသောဘဝတစ်ခုကို ပိုင်ဆိုင်ရန်မလွယ်ကူနိုင်ခြင်းပေ။ အကြောင်းကားအလုပ်လုပ်သူ အလုပ်သမားတို့သည် လက်ရှိအလုပ်အကိုင်၏ အောင်မြင်မှု/ဆုံးရှုံးမှုတို့အား တိုက်ရိုက်ခံစား၊ စံစားနိုင်သော ဈေးကွက်တည်နေရာမှဝေးကွာသော ထုတ်လုပ်သူ/ဝန်ဆောင် မှုပေးသူ နေရာ၌တည်ရှိသောကြောင့် ဖြစ်လေသည်။
ကျွန်တော်ဆုပ်ကိုင်မိသော သဘောတရားအချို့
Saturday, August 1, 2015
ကျွန်တော်တွေးမိသော အလုပ်(job)နှင့် စီးပွားရေး(business)
ဤနေရာ၌ အချက်တစ်ခုအား ကျွန်ုပ်သတိပြုမိလေသည်။ ထိုအရာကား ကျွန်ုပ်တို့သည် အလုပ်လုပ်၍ လုပ်ခလစာရယူလိုသော အလုပ်သမားဘဝဖြင့် ချမ်းသာပြည့်စုံသောဘဝတစ်ခုကို ပိုင်ဆိုင်ရန်မလွယ်ကူနိုင်ခြင်းပေ။ အကြောင်းကားအလုပ်လုပ်သူ အလုပ်သမားတို့သည် လက်ရှိအလုပ်အကိုင်၏ အောင်မြင်မှု/ဆုံးရှုံးမှုတို့အား တိုက်ရိုက်ခံစား၊ စံစားနိုင်သော ဈေးကွက်တည်နေရာမှဝေးကွာသော ထုတ်လုပ်သူ/ဝန်ဆောင် မှုပေးသူ နေရာ၌တည်ရှိသောကြောင့် ဖြစ်လေသည်။
Tuesday, March 3, 2015
လုပ်ချင်တာဘာလဲ
Tuesday, November 18, 2014
တရားမျှတခြင်း
တရားခြင်းဟူသည် ပင်ကိုအရှိသဘောဖြစ်လေသည်။ လက်တွေ့အားဖြင့်မူ ကျယ်ဝန်းနက်ရှိုင်းသော သဘောတရားများများစွာ ရှိနိုင်လေသည်။ တရားတွင်လည်း အယူအဆအားဖြင့် လောကီလောကုတ္တရာ အားဖြင့်(၂)မျိုးဟု ယူဆစရာရှိလေသည်။ သဘောတရားအားဖြင့် မည်သို့ပင်ကျယ်ဝန်းနက်စေကာမူ ဖောက်ပြန်ပြောင်းလဲခြင်းမရှိသော အရှိတရားများကို ဖော်ပြညွှန်းဆို နိုင်သောသဘောတရားများအားလုံးသည် တရားသာလျှင်ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ရှာဖွေညွှန်းဆို ဟောပြောပြသခဲ့သောအရာများသည်လည်း မဖောက်မပြန်မှန်ကန်သော အရှိတရားများကိုဖော်ပြခဲ့ခြင်းကြောင့် တရားများဖြစ်လေသည်။ များစွာသောကျွန်ုပ်အပါအဝင် လူသားအပေါင်းတို့သည် တရားဟုဆိုလိုက်လျှင် မိမိတို့ဆိုင်ရာကိုးကွယ်ရာ ဘုရားရှင်တို့ဒေသနာများဟု ထင်မှတ်ခံယူမိကြလေသည်။ မှန်ကန်ဖြောင့်မတ်ခြင်းအရှိသဘောအား ကျော်သွားကြလေသည်။
ထို့အတူမျှတခြင်း၌လည်း အညီအညွတ်ခွဲချမ်းဝေမျှခြင်းနှင့် သင့်တင့်လျောက်ပတ်ခြင်းဟူသော သဘောတရားရှိလေသည်။ သို့သော်၎င်းမှာကား ပြုလုပ်ခြင်း၊ပြုမူဆောင်ရွက်ရခြင်း အဖြစ်သဘော ဖြစ်လေသည်။ မျှတခြင်းသည်ကား ပြုမူဆောင်ရွက်ပေးရသော ပြုပြင်ပြောင်းလဲပေးခြင်းမှရသော သဘောဖြစ်လေသည်။
ထို့ကြောင့် ပါဝင်ပေါင်းစပ်သူအားလုံးအပေါ်၌ ရသင့်သည်များကို မျှတစွာရယူခံစားစေနိုင်ခြင်းသည် တရားစွာမျှတခြင်းဖြစ်လေသည်။ ပါဝင်ပေါင်းစပ်သူအားလုံးနှင့်စပ်လျဉ်း၍ ရသင့်ရထိုက်သော ခံစားသင့်ခံစားထိုက်သော သဘောတရားရှိသော အကြောင်းအရာ အဆိုးအကောင်းတို့အပေါ်၌ မျှတစွာ ဝေဖန်ပိုင်းခြားမရှိလျှင် တရားမျှတခြင်းမရှိဟုဆိုနိုင်လေသည်။ ထိုသို့မျှတစွာ ဝေဖန်ပိုင်းခြားခွင့် ရှိပါလျှက် မျှတစွာဆောင်ရွက်ခြင်းမပြုနိုင်လျှင် တရားမျှတခြင်းမရှိသူဟုသမုတ်နိုင်လေမည်။ ထို့ကြောင့် ထိုတရားခြင်းနှင့်မျှတခြင်းနှစ်မျိုးတွင် တရားခြင်းသဘောတရားကိုသိ၍ မျှတစွာမဆောင်ရွက်လျှင်သော် လည်းကောင်း၊ မျှတစွာဝေဖန်ခွဲခြမ်းခြင်းဆောင်ရွက်ပါသော်လည်း ဖြောင့်မတ်မှန်ကန်ခြင်းရှိ/မရှိ ဝေဖန်စဉ်းစားနိုင်ခြင်းချို့ယွင်းခဲ့လျှင်သော်လည်းကောင်း တရားမျှတခြင်းမရှိဟု ယိုးစွပ်ခံရနိုင်ပေမည်။
အချုပ်ဆိုရပါမူ တရားမျှတခြင်းသည် အရှိသဘော၊ မဖောက်မပြန်မှန်ကန်သော သဘောတို့အား ရသင့်ရထိုက်သူအားလုံးအား ညီမျှစွာရယူခံစားသော သဘောဟုမှတ်ယူမိလေသည်။
Sunday, April 20, 2014
စည်းမျဉ်းစည်းကမ်း
စည်းကမ်းဟုဆိုရာတွင် စည်းဟူသည်မှာ တာထားသောဘောင်ကို ဆိုလိုလေသည်။ ထိုဘောင်အားမကျော်သေးသ၍ စည်းဖောက်သည်ဟုမယိုးစွပ်နိုင်ပေ။ ကမ်းဟူသည်မှာ မြစ်ရိုးချောင်းရိုးများ၏ အနားသတ်အကွပ်ဖြစ်လေသည်။ ထို့ကြောင့်စည်းကမ်းဟူသည် အနားသတ်ရှိသောဘောင်ဟု ဆိုနိုင်မည်ဟုထင်မိလေသည်။
ထို့အတူ စည်းမျဉ်းဟုဆိုရာတွင်လည်း မျဉ်းဟူသည်တိကျသေချာသော လိုင်းဖြစ်လေသည်။ ထို့ကြောင့် စည်းမျဉ်းသည် တိကျသေချာဘောင်ဖြစ်လေသည်။
စည်းမျဉ်းစည်းကမ်းဟူသည် တိကျသေချာသော အနားသတ်ဘောင်တစ်ခုကို ဆိုလိုသည်ဟုယူဆနိုင်ပေသည်။
ထိုနေရာတွင် လူတစ်ဦးချင်းစီ၌သော် လည်းကောင်း မိသားစုတစ်စုစီ၌သော်လည်းကောင်း အဖွဲ့အစည်းတစ်ခု၌သော်လည်းကောင်း နိုင်ငံတစ်ခုစီ၌သော်လည်းကောင်း စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားလေသည်။
ထိုစည်းမျဉ်းစည်းကမ်းများသည် မိမိကိုယ်ပိုင်နေ ထိုင်ရေး အဆင်ပြေစေရန်သော်လည်းကောင်း၊ မိမိ ပါဝင်ပတ်သတ်ရာ အဖွဲ့အစည်းအတွင်း နေထိုင်ရေး အဆင်ပြေစေရေးအတွက်သော်လည်းကောင်း၊ မိမိနိုင်ငံ မိမိလူမ်ျိုးအတွင်း အသက်ရှင်နေထိုင်ရေး အဆင်ပြေစေရန်အတွက်လည်းကောင်း သတ်မှတ် ကြရလေသည်။
စည်းမျဉ်းသတ်မှတ်ရာတွင် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံပေါ်တွင်လည်းကောင်း၊ ရှေ့ဆက် အဆင်ပြေပြဿနာကင်းစွာ ရပ်တည်နိုင်စေရန် လည်းကောင်း ရည်ရွယ်၍ ဆောင်ရွက်ကြပေသည်။
ထိုနေရာတွင် လူတို့သည် ဆိုင်ရာဆိုင်ရာ ဦးဏှောက် ၌ဖြစ်တည်လာသော အကြောင်းအရာတို့ပေါ်တွင် မူတည်တွက်ချက်၍ စည်းသတ်မှတ်ကြပေသည်။
သို့သော်ယနေ့ ကမ္ဘာပေါ်တွင် လူ့အဖွဲ့အစည်း အားလုံးသည် စည်းမျဉ်းများချမှတ်ရာ လုံးဝပြည့်စုံ သောစည်းမျဉ်းတို့အားချမှတ်နိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ချမှတ်သောစည်းမျဉ်းများ သည် ဦးဏှောက်မှထွက်သော အကြောင်းအရာများ များနေခြင်းကြောင့်ဟု ယူဆမိလေသည်။
ဤနေရာ၌ အလွန်လေးစားဖွယ်ကောင်းသော စည်းမျဉ်းများ ပြည့်စုံသောစည်းမျဉ်းများ မရှိဘူးလား ဟုမေးစရာရှိလေသည်။ ရှိခဲ့သည်ဟု ဖြေနိုင်စရာရှိ လေသည်။ ချမှတ်ခဲ့သောပုဂ္ဂိုလ်မ္ဓှာ ဗုဒ္ဓဖြစ်၍ စည်းမျဉ်းမှာ ၀ိနယ ဖြစ်လေသည်။ ထိုစည်းမျဉ်းများ မှာ ဗုဒ္ဓမြတ်စွာ၏ ဥာဏ်တော်မှထွက်သော အကြောင်း အရာသက်သက်မဟုတ်ဘဲ သံဃာ့အဖွဲ့အစည်းမှ ပါဝင်သူတို့၏ ပြုမူဆောင်ရွက်မှုအကြောင်းများကြောင့် အကျိုးတရားအဖြစ် စည်းကမ်းများဖြစ်လာရလေ သည်။ စည်းမျဉ်းချမှတ်ရာတွင်လည်း ချုပ်ချယ်ကန့် သတ်ခြင်းဦးစားပေးသော သဘောဖြင့်ချမှတ်ခဲ့ခြင်း မဟုတ်ဘဲ သံဃာထုရေရှည် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ချမှတ်ခဲ့ပေသည်။
ထိုစည်းမျဉ်းတို့သည် ပြုလုပ်သည့်အပစ် ကြောင့်ဖြစ်ပေါ်လာသောအကျိုးတရားအား ပယ်သတ်ခြင်းမဟုတ်ဘဲ အပစ်အကျိုးများမပေါ်စေ ရန်ပြုလုပ်ခြင်းအကြောင်းတရားအား ပယ်သတ်ခြင်း ဖြစ်လေသည်။ ဗုဒ္ဓမြတ်စွာ ချမှတ်ခဲ့သောစည်းမျဉ်း များအားလိုက်နာပါက ရဟန်းသံဃာ့ဘောင်၌နေ ထိုင်ချင်သောပုဂ္ဂိုလ်အဖို့ ရေရှည်အကျိုးဖြစ်ထွန်းဖို့ သာရှိလေသည်။
ထို့ကြောင့်ကျွန်တော်တို့ လူပုဂ္ဂိုလ်များချမှတ် သောစည်းမျဉ်းများသည် ကျွန်ုပ်တို့လူပုဂ္ဂိုလ်များအ တွက်ရေရှည်အကျိုးဖြစ်ထွန်းမှုကို ဦးစားပေးနိုင်ရန် လိုအပ်ပေသည်။ ထို့အပြင် ကျူးလွန်မှုမရှိသော ကိစ္စများအတွက် စည်းမျဉ်းများကြိုတင်ချမှတ်ထား ခြင်းသည် တကယ်ကျူးလွန်သောအခါ အကျိုးအကြောင်း ဆီလျော်အောင် တားမြစ်နိုင်စွမ်း အားနည်းတတ်လေသည်။
အချုပ်အားဖြင့်ဆိုသော် စည်းမျဉ်းများသည် ကျူးလွန်မှုမရှိခင်ချမှတ်ပါက ထိုစည်းမျဉ်း၏အားနည်း ချက်ကိုလေ့လာခိုင်းသကဲ့သို့ရှိလေသည်။ ထိုအခါ စည်းမျဉ်းများသည် ပြစ်မှုနှင့်ပြစ်ဒဏ်အံချော်နိုင်လေ သည်။ ထို့အပြင်စည်းမျဉ်းသည် တကယ်လက် တွေ့ကျင့်ဆောင်သောအချက်ဖြစ်ရန်လိုအပ်ပေသည်။